Tiny Epic Galaxies (2015) Designer - Scott Almes
1-5 Player, 30-45 Mins
ကြီးမားကြယ်ပြန့်တဲ့ စကြာ၀ဠာကြီးမှာ မိမိနေအဖွဲ့အစည်းတင်မကဘဲ ဂယ်လက်ဆီအနှံ့ လျှောက်သွားနိုင်တဲ့ နည်းပညာရှိတဲ့ အင်ပါယာကြီးတွေ ပေါ် ပေါက်နေပြီ။ ခြေဆန့် နယ်မြေချဲ့ထွင် နိုင်တာနဲ့အမျှ အင်ပါယာကြီးတွေက အရင်းအမြစ်ကောင်းတဲ့ အခြားဂြိုဟ်သစ်တွေကို သူ့ထက်ငါသိမ်းပိုက်ကြပြီ။ အင်ပါယာအဆင့်မြင့်လာတာနဲ့ အမျှ ယာဉ်ပျံတွေပိုသုံးလို့ရမယ်။ အခြားဂြိုဟ်ရဲ့ အားသာချက်တွေကို သုံးလို့ရမယ်။ဒီလိုနဲ့ ကိုယ်အင်ပါယာကို စကြာ၀ဠာထဲ ချဲ့ထွင်သွားပြီး အမှတ်တွေစုကမှာပါ။ #TinyEpic ဂိမ်းများစွာ ဖန်တီးခဲ့တဲ့ Scott Almes ဟာ အခုလို ကစားရတာရိုးရှင်းပြီး နက်နဲတဲ့ ဂိမ်းတွေဖန်တီးလေ့ရှိပါတယ်။

ဂိမ်းအလုပ်လုပ်ပုံမှာ ထူးခြားတာက မိမိအလှည့်မှာ ကိုယ့်ရဲ့ Action ကို အခြားကစားသမားက လိုက်လုပ်လို့ရမယ့် အခြေအနေရှိတာကြောင့် စဉ်းစားရပုံ ပြောင်းသွားတယ်။ ကြိုက်တာက ဘယ်သူ့အလှည့်ပဲဖြစ်ဖြစ် မပျင်းကဘူးပေါ့။ ဂိမ်းဘူးသေးပေမဲဲ့ အထင်သေးလို့မရတဲ့ #StragegyGame အမျိုးအစားပါ။ ဂိမ်းကြီးတစ်ခုကစားနေရတဲ့ ခံစားမှုကိုပေးနိုင်တယ်။ ပုံမှန်အားဖြင့် #StrategyGame တွေက ခရီးသွားရင် ထည့်သွားဖို့ အဆင်မပြေလို့ #PartyGame တွေပဲ ထည့်ကတယ်ဆိုတဲ့ လူတွေအတွက် ဒီဂိမ်းက အပြောင်းအလဲ ဖြစ်စေမှာပါ။