top of page

All about Board Games

Public·1 member

Oceans (2020)

Oceans (2020)

Designer : Nick Bentley, Dominic Crapuchettes, Ben Goldman, Brian O'Neill

Players : 2-4

Duration : 60-90 mins


လူသားတွေ အာကာသထဲကို မိုင်ပေါင်းများစွာ သွားနိုင်ပြီဖြစ်ပေမဲ့ ပင်လယ်သမုဒ္ဒရာ ရေပြင်အောက်ကို သွားနိုင်တာ မိုင်အနည်းငယ်ပဲရှိပါသေးတယ်။ ဒါကြောင့်လည်း ရေသတ္တ၀ါမျိုးစိတ်သစ်တွေ တွေ့ရှိလို့မဆုံးနိုင်အောင် ကျန်ပါသေးတယ်။ Captain Nemo ပုံပြင်တွေထဲကလို Deep Ocean မှာပဲ နေထိုင်တဲ့ ရေသတ္တ၀ါတွေ ရှိနေသေးလားဆိုတာ မသိနိုင်ပါဘူး။


သက်ရှိမျိုးစိတ်တွေမှာ မျိုးဆက် ရှင်သန်နိုင်ဖို့ ဗီဇဂုဏ်သတ္တိတွေ ရှိပါတယ်။ ဥပမာပြောရရင် အသားစားသတ္တ၀ါတွေမှာ အမဲလိုက်ဖို့ သင့်တော်တဲ့ ခန္တာကိုယ်နဲ့ခွန်အားရှိသလို သားကောင်မျိုးစိတ်တွေမှာလည်း ပြန်ကာကွယ်ဖို့ အခွံမာတွေ အလျင်အမြန်လှုပ်ရှားနိုင်မှုတွေ ရှိတတ်ကြပါတယ်။ Natural Selection နဲ့ လိုက်ရောညီထွေ မဖြစ်တော့တဲ့ မျိုးစိတ်တွေကတော့ မျိုးသုဉ်းပျောက်ကွယ်သွားကြတယ်။ အစာကွင်းဆက် လည်ပတ်ပုံကို အခြေခံပြီး ဖန်တီးထားတဲ့ ဒီဂိမ်းမှာ ကစားသမားတွေဟာ ဗီဇဂုဏ်သတ္တိတွေ (Trait Cards: Surface & Deep Cards) သုံးပြီး ရေသတ္တ၀ါမျိုးစိတ်အသစ်တွေ ဖန်တီးမှာလား ရှိပြီးသားမျိုးစိတ်တွေကို ပိုကောင်းအောင်လုပ်မှာလား ဆိုတာတွေကို စီမံရမှာပါ။ ရှင်သန်ဖို့အတွက် သန္တာကျောက်တန်းတွေထဲက အခြေခံအစာကိုပဲ စားမလား၊ တခြားမျိုးစိတ်တွေကို လှည့်ပတ်စားမလား၊ ဘယ်လိုကာကွယ်ထားမလဲ။ ရွေးချယ်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေက ကိုယ့်အတွက်အကျိုးရှိပါ့မလား။ အလှည့်တိုင်းရဲ့အဆုံးမှာ Aging ဖြစ်လို့ ကိုယ့်မျိုးစိတ်တိုင်းရဲ့ အကောင်တွေ လျော့သွားပြီး အမှတ်တွေရမယ်။ အကောင်မလုံလောက်တဲ့ မျိုးစိတ်တွေက ပျက်သုဉ်းသွားမယ်။ Reef အပါအဝင် Ocean Zone တွေကြားထဲမှာ Migration ဖြစ်မယ်။ ပထမ Ocean Zone ထဲက အကောင်တွေကုန်ရင် Cambrian Explosion ဖြစ်တယ်။ ကြိုပြောချင်တာက Cambrian Explosion ဖြစ်တဲ့အခါ Deep Card တွေ စသုံးလို့ရပြီး Game Pace တော်တော်ပြောင်းသွားလိမ့်မယ်။ ဂိမ်းစတည်းကရှိတဲ့အကောင်တွေကုန်ရင် Reserve ထဲမှာ ဖယ်ထားတဲ့အကောင်တွေ ထည့်ဆော့ရမယ်။ အကောင်အားလုံးကုန်ရင် Game End ပြီး အမှတ်အများဆုံး ကစားသမားက အနိုင်ရမှာဖြစ်တယ်။


ကစားသမားအချင်းချင်း ၀ုန်းလို့ရတဲ့ #StrategyBoardGame လို့ ပြောလို့ရတယ်။ ကိုယ့်အလှည့်မှာ လုပ်ရမယ့် Action Steps တွေက ရှင်းပြီး နားလည်ရလွယ်တယ်။ ရိုးရှင်းပေမဲ့ ကွင်းဆက်မိအောင် စဥ်းစားရတာတော့ မလွယ်ဘူး။ ၀ုန်းခံရမယ့် အခြေအနေတွေပါ ထည့်စဥ်းစားလိုက်တော့ ရူးရော။ ပြောချင်တာက တစ်ပွဲလုံးစာ ခြုံစဥ်းစားတဲ့အခါ နက်နဲမှုရှိတယ်။ Deep Card တွေက အသက်ပဲ။ Scenarios Card တွေက တစ်ပွဲနဲ့တစ်ပွဲ မတူတော့ ပြောင်းစဥ်းစားရတယ်။ နှစ်သန်းပေါင်းများစွာ ဖြစ်တည်ခဲ့တဲ့ Marine Ecology ရဲ့ တစ်စိတ်တစ်ပိုင်းကို ရောင်ပြန်ဟပ်အောင် ဖန်တီးထားတယ်။‌ နောက်တစ်ခုပြောချင်တာ ဒီဂိမ်းက အရမ်း Eye Candy ဖြစ်တယ်။ ကတ်တွေရဲ့ Artwork ပိုင်းကို သေချာလုပ်ထားတာ တွေ့ရတယ်။ Reef တွေ Ocean Zone တွေ ငါးရောင်စုံတွေနဲ့ အသွေးအ‌ရောင်ကို စုံလို့ပဲ။ သက်ရှိတွေရဲ့အစက သမုဒ္ဒရာထဲကဆိုတော့ ဂိမ်းဆော့ရင်း Marine Science ကို ပိုစိတ်၀င်စားသွားတယ်။ ဂိမ်းထဲမှာပါတဲ့ "Cambrian Explosion" က သက်ရှိဖြစ်တည်မှုရဲ့ အရေးကြီးတဲ့ Scientific Fact မို့ စိတ်၀င်စားရင် ရှာဖတ်ကြည့်ပါ။




#Oceans #StrategyBoardGame #SPACE17

23 Views

© 2025 by SPACE 17 - Board Game Hub

bottom of page