top of page

Groups Feed

View groups and posts below.


This post is from a suggested group

Burmese Carrom ဇယ်တောက်ခုံ

A Burmese Carrom fan abroad reached out to us recently seeking rules clarification & game pieces. Researching for his query makes us feel nostalgic for our childhood memories of playing it with our cousins & neighbor kids. So here it is.


The game is called ဇယ်ခုံ /ze khoun/ or လက်တောက်ခုံ /lat tout khoun/ in Burmese. This is a dexterity game of skill. Depending on the people who introduced the game, it could be played in many ways. Carrom is just like a deck of cards. The game is limited only by your imagination. We also played with many house rules during our childhood.


Burmese Carrom includes a square wooden board, 19 numbered circular pieces (ဇယ် ‘ze’ / carrom) in 3 different colors (eg. 1-9 yellows, 10-18 blues & 19 whites) & a bigger circular piece (ဒိုး ‘doe’ / striker). It’s usually played by 2 to 4 players or solo.


Shooting…


208 Views

This post is from a suggested group

Five Tribes (2014)

Designer: Bruno Cathala

Average Rating: 7.8

No. of Players: 2-4 (Best: 2)

Duration: 40-80 min

Complexity: 2.85/5


တစ်ထောင့်တစ်ညပုံပြင်တွေထဲက Naqala တိုင်းပြည်ကို သွားလည်ကြရအောင်။ Sultan ဘုရင်ကြီး နတ်ရွာစံသွားတဲ့အခါ လူမျိုးစုကြီး ၅ စု အပါအ၀င် တိုင်းပြည်ကို အုပ်ချုပ်ဖို့ အိမ်ရှေ့မင်းသားလည်းမရှိဘဲ အခက်အခဲဖြစ်နေပါပြီ။ တဘောင်ထဲကအတိုင်းဆိုရင် ထီးနန်းနဲ့ထိုက်တန်တဲ့ တိုင်းတစ်ပါးက လူတစ်ယောက် ပေါ်လာတော့မယ်။ သင်က ဒီတဘောင်ထဲက လူတစ်ယောက်များဖြစ်နေမှာလား။


24 Views

This post is from a suggested group

Small World (2009)

Designer - Philippe Keyaerts

Average Rating: 7.3

No. of Players: 2-5 (Best: 4)

Duration: 40-80 min

Age: 8+

Complexity: 2.36/5


12 Views

This post is from a suggested group

Catan (1995)

Designer: Klaus Teuber

Average Rating: 7.2

No. of Players: 3-4 (Best: 4)

Duration: 60-120 min

Age: 10+

Complexity: 2.33/5


13 Views

This post is from a suggested group

ထိရောက်တဲ့ သင်ကြား/ယူရေးပုံစံဖြစ်စေဖို့

အခုခေတ် ပညာရေးစနစ်ဟာ တိုးတက်ပြောင်းလဲနေပါပြီ။ လက်တွေ့ဘ၀က လိုအပ်ချက်တွေဟာ သမားရိုးကျ သင်ကြားမှုတွေနဲ့ မလုံလောက်တော့ပါဘူး။ သမားရိုးကျ ဆရာအခြေပြု သင်ကြားရေးထက် ပိုထိရောက်တဲ့ ရှုထောင့်ကနေ ချဉ်းကပ်ဖို့ လိုအပ်လာပါပြီ။ ဒီလို‌ပြောလို့ သင်ကြားတဲ့ ဆရာ/မတွေရဲ့ အရေးပါမှုက နည်းသွားပြီလို့ မဆိုလိုပါဘူး။ လေ့လာသင်ယူမှု ထိ‌ရောက်မြန်ဆန်စေဖို့ ဆရာ/မတွေရဲ့ အခန်းကဏ္ဍက အဓိကကျနေဆဲဖြစ်ပါတယ်။ ကျောင်းသား/သူတစ်‌ယောက်ချင်းစီရဲ့ စိတ်နေသဘောထားနဲ့ အားသာချက်အားနည်းချက်တွေကို မြန်မြန်နားလည်ခြင်းဟာ ထိရောက်တဲ့ သင်ကြားမှု ဖြစ်ဖို့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ လေ့လာသင်ယူမှုတွေမှာ နားလည်စွာ မှတ်မိနိုင်ဖို့နဲ့ ပြန်လည်အသုံးချနိုင်စွမ်းဟာ အရေးကြီးတဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။ ပညာရပ်အားလုံးဟာ သင်ယူသူအဖို့ စိတ်ပါလက်ပါရှိနေသရွေ့ သင်ယူရတာ လွယ်ကူပြီး ပျော်စရာကောင်းနေစမြဲ ဖြစ်ပါတယ်။


Board Games အများစုဟာ ပြဿနာ(ပုစ္ဆာ)ဖြေရှင်းခြင်းကို အခြေခံပါတယ်။ သင်ပြမှုတစ်ခုတည်းနဲ့မတတ်မြောက်နိုင်တဲ့ Critical Thinking, Strategical Thinking Skills တွေကို ပုစ္ဆာဖြေရှင်းခြင်းကနေပဲ အထိရောက်ဆုံး လေ့ကျင့်ယူနိုင်တယ်လို့ သုတေသနတွေက ထောက်ပြကြပါတယ်။ အတူဖြေရှင်းခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး စိတ်အနေအထား အားသာချက်အားနည်းချက်တွေကိုလည်း အချိန်တိုအတွင်း သိမြင်နိုင်တယ်။ ဒါ‌ကြောင့်လည်း Board Games (Tabletop Games) တွေကို သင်ထောက်ကူပစ္စည်း အဖြစ်အသုံးချနိုင်မယ် ဆိုတာကို ယုံကြည်တဲ့အတွက် SPACE 17 - Board Game Hub က ရည်ရွယ်ချက်အဖြစ် ထည့်သွင်းကာ သင်ရိုးများပေါ် ပေါက်လာစေရန် ရည်ရွယ်ပြီး ဒီ Forum မှာပါ ခေါင်းစဥ် တစ်ခုအနေနဲ့ ထည့်သွင်းပေးထားပါတယ်။

5 Views

This post is from a suggested group

Architects of the West Kingdom (2018)

Designer: Shem Phillips, S J Macdonald

No. of Players: 1-5 (Best: 4)

Duration: 60-80 min

Age: 12+

Complexity: 2.77/5


ဗိသုကာပညာရှင်(Architect) လုပ်မယ့်လူ ဘယ်နှစ်ယောက်ပါလဲ။ ဒီဂိမ်းမှာတော့ ကစားသမားတွေဟာ အေဒီ ၈၅၀ ခေတ် အင်အားကြီးအင်ပါယာတစ်ခုက တော်၀င်ဗိသုကာ ပညာရှင်တစ်ယောက်အနေနဲ့ ပါ၀င်ကစားကမှာပါ။


12 Views

This post is from a suggested group

Oceans (2020)

Oceans (2020)

Designer : Nick Bentley, Dominic Crapuchettes, Ben Goldman, Brian O'Neill

Players : 2-4

Duration : 60-90 mins


လူသားတွေ အာကာသထဲကို မိုင်ပေါင်းများစွာ သွားနိုင်ပြီဖြစ်ပေမဲ့ ပင်လယ်သမုဒ္ဒရာ ရေပြင်အောက်ကို သွားနိုင်တာ မိုင်အနည်းငယ်ပဲရှိပါသေးတယ်။ ဒါကြောင့်လည်း ရေသတ္တ၀ါမျိုးစိတ်သစ်တွေ တွေ့ရှိလို့မဆုံးနိုင်အောင် ကျန်ပါသေးတယ်။ Captain Nemo ပုံပြင်တွေထဲကလို Deep Ocean မှာပဲ နေထိုင်တဲ့ ရေသတ္တ၀ါတွေ ရှိနေသေးလားဆိုတာ မသိနိုင်ပါဘူး။


23 Views

This post is from a suggested group

Dinosaur Island (2017)

Designer : Jonathan Gilmour, Brian Lewis

Player : 1-4

Duration : 90-120 min


ဒီတစ်ခါတော့ လာလည်ပတ်မယ့် ဧည့်သည်တွေရဲ့ စိတ်အာရုံတွေကို ဖန်းစားနိုင်မယ့် အကောင်းဆုံး Dinosaur ဥ‌ယျာဥ်ကြီးတွေကို ကိုယ်ပိုင်ကျွန်းပေါ်မှာ အပြိုင်အဆိုင် တည်ဆောက်ကြရမှာပါ။


"Jurassic Park" ရုပ်ရှင်ကားထဲကလို ရှာဖွေတွေ့ရှိထားတဲ့ Dinosaur DNA တွေကိုအသုံးပြုပြီး မတူညီတဲ့ Dinosaur မျိုးစိတ်တွေကို သိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ ဖန်တီးယူကြမယ်။ ဖန်တီးထားတဲ့ Dinosaur တွေ ဥယျာဥ်ထဲမှာ နေထိုင်နိုင်ဖို့ နေရာတွေ တည်ဆောက်ပေးရမယ်။ Dinosaurs ကြည့်လို့ရမယ့် နေရာတွေအပြင် ဥယျာဥ်ထဲမှာ ဧည့်သည်တွေ အပန်းဖြေစရာ Attractions နဲ့ အစားအစာ ရောင်းချတဲ့ နေရာတွေပါ ထည့်သွင်းတည်ဆောက်လို့ရမှာပါ။ စွဲဆောင်နိုင်တဲ့ နေရာတွေများသလောက် ဧည့်သည်လာ လည်တဲ့ အရေအတွက်တွေများလာမှ ၀င်ငွေကော Victory Points တွေပါ စုဆောင်းပြီး ကိုယ့်ရဲ့ Dinosaur ကျွန်းကို ပြိုင်ဘက်တွေထက်သာအောင် တည်ဆောက်နိုင်မှာပါ။ Objectives တွေကို Player တစ်ယောက်ယောက်ပြီးမြောက်ပြီဆို ဂိမ်းပြီးမှာဖြစ်ပေမယ့် Victory Points များဆုံးသူကပဲ အနိုင်ရမှာဖြစ်ပါတယ်။


8 Views

This post is from a suggested group

Trek (2020)

Trek (2020)

Designer – TAM

1-5 Players, 30–60 Min


သူငယ်ချင်းတွေစုပြီး ခရီးသွားကြရအောင်လား။ နေရာတွေရွေးပြီး ခရီးသွား Bucket List တော့ လုပ်ပြီးပြီ။ မြန်မာပြည်လာရင် မဖြစ်မနေသွားသင့်တဲ့ ‌ဒေသငါးခုပေါ့။ ဒီ Bucket List ပြည့်ဖို့က သူငယ်ချင်းတွေလူညီဖို့ အရေးကြီးသွားပြီ။ သူငယ်ချင်းတွေ ဘယ်လောက်လူညီသလဲ စမ်းကြည့်လိုက်ကြရအောင်။


ဒီဂိမ်းထဲမှာ ကစားသမားတွေက ခရီးတူတူသွားမယ့် သူငယ်ချင်းတွေ အနေနဲ့ အတူပူး‌ပေါင်းပြီး ကစားရမှာ။ ခက်တာက ကိုယ့်လက်ထဲမှာ ဘာကဒ်တွေဆိုတာကို ကြည့်ခွင့်မရှိတာပဲ။ သူငယ်ချင်းတွေ လက်ထဲ ဘာကဒ်တွေလည်းပဲ ကြည့်ခွင့်ရှိမယ်။

အဲ့တော့ ကိုယ့်လက်ထဲမှာ ဘာကဒ်ရှိလဲဆိုတာကို သူငယ်ချင်းတွေက သဲလွန်စပေးမယ်။ ကိုယ်ကလည်း သူတို့လက်ထဲက ကဒ်ဘာလည်းသိအောင် ပြန်ကူပေးမယ်။ ဒေသတစ်ခုချင်းစီတိုင်းမှာ သွားရမယ့် နေရာငါးခုစီရှိပြီး အစဥ်လိုက်တိုင်း သွားနိုင်မှ (ကဒ်ချနိုင်မှ) အမှတ်တွေရမှာပါ။


12 Views

© 2025 by SPACE 17 - Board Game Hub

bottom of page