top of page

All about Board Games

Public·1 member

Power Grid (2014)

Power Grid (2004) Designer - Friedemann Friese

2-6 Players, 120 mins ၁၈ ရာစု‌နှောင်းပိုင်း လျှပ်စစ်စွမ်းအင် အသုံးချနည်းပညာ တရှိန်ထိုးတိုးတက်လာခဲ့တယ်။ လျှပ်စစ်စွမ်းအင် အသုံးပြုမှု များပြားလာတာနှင့်အမျှ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှု စျေးကွက်ကြီးလည်း အပြိုင်အဆိုင် ဖြစ်လာပြီ။ ကစားသမားတွေက လျှပ်စစ်ဖြန့်‌‌ဖြူးရောင်းချရမယ့် အပြိုင်အဆိုင် ကုမ္ပဏီတွေနေရာက နေကမှာ။ လျှပ်စစ်ထုတ်မယ့် စက်ရုံတွေကို လေလံစနစ်နဲ့ ၀ယ်ကမယ်။ စက်ရုံအတွက် လိုအပ်တဲ့ သက်ဆိုင်ရာ သယံဇာတတွေကို စျေးမကြီးခင် အရင်ရအောင် ကြိုးစားကမယ်။ ပြီး‌‌‌တော့ မြို့တွေကို ဖြန့်ဖြူးရောင်းချဖို့ သူ့ထက်ငါဦးအောင် လျှပ်စစ်သွယ်တန်းကမယ်။ လျှပ်စစ်ထုတ်လုပ်နိုင်မှုနဲ့ ဖြန့်ဖြူးပေးနိုင်တဲ့မြို့ အချိုးကျနေမှ အမြတ်ငွေကောင်းမှာနော်။ ပိုက်ဆံရတဲ့အဆင့်ပြီးတိုင်း ကစားသမားအလှည့်အစီအစဉ် (TurnOrder) ကို ပြန်စီဖို့လိုမယ်။ ဒီလိုနဲ့ လုပ်ငန်းပိုမိုကြီးထွားပြီး မြို့ များများ လျှပ်စစ်ပေးနိုင်အောင် ရောင်းရတဲ့ ပိုက်ဆံတွေပြန်သုံးကမှာပါ။ "Big Bang Theory" TV Series ဇာတ်၀င်ခန်းတွေထဲမှာတစ်ကြိမ်ထက်မက တွေ့ ကတာ D&D နဲ့ ဒီဂိမ်းပဲရှိတယ်ထင်တာပဲ။

ဘာလိုကြိုက်လဲဆိုတော့ Game Balance အရမ်းကောင်းတဲ့အတွက် စ၊လည်၊ဆုံး ဘူပိတ်ပြီး ရှုံးရက်နဲ့ဆက်ဆော့ကတော့မယ်ဆိုတာမျိုး မဖြစ်ဘဲ တစ်ပွဲလုံး ကစားနိုင်လို့ ကြိုက်တယ်။ (ဆုံးဖြတ်ချက်မှားတွေ အများကြီးထိုင်လုပ်နေရင်တော့ မသိဘူးနော်)။ လေလံစနစ်ပါတော့ ပြိုင်ဘက်ကို ဂျင်းထဲ့ရင်း ကိုယ်ကိုတိုင်လည်း တိုင်ပတ်သွားနိုင်တယ်။ Phase ပြောင်းမှာသွားမှာကို သတိထားပြီး စဉ်းစားပုံပြောင်းကတာတွေကို သဘောကျတယ်။ ‌‌ မတူညီတဲ့ သယံဇာတတွေကြား ငွေ‌ကြေးစီမံခန့် ခွဲမှု၊ နောင်အလားလာကို ရှေးရှုတတ်မှု၊ အခြားကစားသမား နေရာယူမှု စတာတွေကို သုံးသပ်နေဖို့ လိုတဲ့ #StragegyGame ကောင်းတစ်ခုဖြစ်ပါတယ်။

#PowerGrid

9 Views

© 2026 by SPACE 17 - Board Game Hub

bottom of page