top of page

All about Board Games

Public·1 member

Architects of the West Kingdom (2018)

Designer: Shem Phillips, S J Macdonald

No. of Players: 1-5 (Best: 4)

Duration: 60-80 min

Age: 12+

Complexity: 2.77/5


ဗိသုကာပညာရှင်(Architect) လုပ်မယ့်လူ ဘယ်နှစ်ယောက်ပါလဲ။ ဒီဂိမ်းမှာတော့ ကစားသမားတွေဟာ အေဒီ ၈၅၀ ခေတ် အင်အားကြီးအင်ပါယာတစ်ခုက တော်၀င်ဗိသုကာ ပညာရှင်တစ်ယောက်အနေနဲ့ ပါ၀င်ကစားကမှာပါ။


တော်၀င်ဆိုတော့ သေချာတာက ဘုရင်စိတ်ကြိုက် ဘုရားကျောင်းဆောင်ကြီးနဲ့ အထိန်းအမှတ် အဆောက်ဦးတွေ အပြိုင်အဆိုင် တည်ဆောက်ရမှာပေါ့။ ဒါပေမယ့် ကုန်ကြမ်းပစ္စည်းတွေက မပေါဘူး။ အဆောက်အဦးတစ်ခုဖြစ်ဖို့ သက်ဆိုင်ရာ ကုန်ကြမ်းတွေကို အလုပ်သမားတွေသုံးပြီး စုကမယ်။ အလုပ်သမားက အကန့်အသတ်ရှိနေတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ကျွမ်းကျင်တပည့်တွေငှားဖို့ ပိုက်ဆံတွေစုရဦးမယ်။ ကိုယ်ငှားလိုက် ဆောက်လိုက်တဲ့ တပည့်နဲ့အဆောက်အဦးရဲ့ ကောင်းမွေဆိုးမွေကို ထည့်သွင်းစဥ်းစားရမယ်။ ကုန်းကြမ်းတွေကို ပုံမှန်အတိုင်းရှာတာထက် မှောင်ခိုစျေးမှာသွား၀ယ်ရတာပို သက်သာတယ်။ ဒါပေမယ့် မှောင်ခိုစျေးဆိုတော့ တော်၀င် ဗိသုကာပညာရှင်လို လူအတွက်တော့ ဂုဏ်သိက္ခာ ကျတာပေါ့။ ကိုယ့်ခိုင်းလိုက်တဲ့ အလုပ်သမားပါထောင်ထဲ ရောက်သွားနိုင်တယ်။ အပြိုင်အဆိုင် အခြားဗိသုကာသမားတွေရှိတော့ လိုအပ်ရင် လုပ်ရတာပဲ။ ဂုဏ်သိက္ခာ နည်းတဲ့လူအတွက် အခွန်ရှောင်နိုင်တော့ ငွေကုန်သက်သာတယ်။ ဒါပေမယ့်ပွဲပြီးလို့ အမှတ်တွက်ရင် အနုတ်ခံရလိမ့်မယ်။ ပြိုင်ဘက်ကစားသမားအချင်းချင်းကို အနှောက်အယှက် ဖြစ်အောင်လည်း လုပ်လို့ရတယ်။ ပြိုင်ဘက်က Town Center ကို အလုပ်သမားလွှတ်ပြီး နေရာတစ်ခုက ကိုယ့်အလုပ်သမားတွေအကုန်ကို ဖမ်းပြီး ထောင်ထဲပို့ ဒါခံရနိုင်တယ်။ ကစားသမား အရေအတွက်ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ အဆောက်အဦး အ‌ရေအတွက်ပြည့်ပြီဆို ဂိမ်းပြီးမှာပါ။ ဂိမ်းပြီးရင် အမှတ်တွေပေါင်းပြီး အမှတ်အများဆုံးရတဲ့သူက အနိုင်ရမှာပါ။


ကြိုက်တာက ရိုးရှင်းတယ်။ ကိုယ့်အလှည့်မှာ အလုပ်သမားတစ်ယောက်ကို နေရာချပြီး ရမှာကိုယူ၊ ချစရာအလုပ်သမားမရှိရင် တစ်ယောက်ကိုပြန်ယူ ဒါပဲ။ ဘယ်မှာချပြီး ဘာအရင်ယူမှာလည်း ဆိုတာတော့ အဲ့မှာခေါင်းစားဒါပဲ။ တစ်ခြား #WorkerPlacement ဂိမ်းတွေနဲ့ကွဲတာက ကိုယ့်အလုပ်သမားတွေ တစ်နေရာထဲမှာများများရှိရင် အဲ့ဒီနေရာရဲ့အကျိုးအမြတ်ပိုရတဲ့ ပုံစံကို အခြေခံပြီး ဖန်တီးထားတယ်။ အဲ့ဒီခေတ်က Royal Architect တွေ နည်းလမ်းပေါင်းစုံသုံးပြီး အပြိုင်အဆိုင် တည်ဆောက်ကြပုံကို ကိုယ်တိုင်ပါ၀င် စီမံရမယ့် #WorkerPlacement ပုံစံ #Strategy ဂိမ်းကောင်းတစ်ခုပါ။


#WorkerPlacement #Strategy #SPACE17


12 Views

© 2025 by SPACE 17 - Board Game Hub

bottom of page