top of page

All about Board Games

Public·1 member

Dinosaur Island (2017)

Designer : Jonathan Gilmour, Brian Lewis

Player : 1-4

Duration : 90-120 min


ဒီတစ်ခါတော့ လာလည်ပတ်မယ့် ဧည့်သည်တွေရဲ့ စိတ်အာရုံတွေကို ဖန်းစားနိုင်မယ့် အကောင်းဆုံး Dinosaur ဥ‌ယျာဥ်ကြီးတွေကို ကိုယ်ပိုင်ကျွန်းပေါ်မှာ အပြိုင်အဆိုင် တည်ဆောက်ကြရမှာပါ။


"Jurassic Park" ရုပ်ရှင်ကားထဲကလို ရှာဖွေတွေ့ရှိထားတဲ့ Dinosaur DNA တွေကိုအသုံးပြုပြီး မတူညီတဲ့ Dinosaur မျိုးစိတ်တွေကို သိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ ဖန်တီးယူကြမယ်။ ဖန်တီးထားတဲ့ Dinosaur တွေ ဥယျာဥ်ထဲမှာ နေထိုင်နိုင်ဖို့ နေရာတွေ တည်ဆောက်ပေးရမယ်။ Dinosaurs ကြည့်လို့ရမယ့် နေရာတွေအပြင် ဥယျာဥ်ထဲမှာ ဧည့်သည်တွေ အပန်းဖြေစရာ Attractions နဲ့ အစားအစာ ရောင်းချတဲ့ နေရာတွေပါ ထည့်သွင်းတည်ဆောက်လို့ရမှာပါ။ စွဲဆောင်နိုင်တဲ့ နေရာတွေများသလောက် ဧည့်သည်လာ လည်တဲ့ အရေအတွက်တွေများလာမှ ၀င်ငွေကော Victory Points တွေပါ စုဆောင်းပြီး ကိုယ့်ရဲ့ Dinosaur ကျွန်းကို ပြိုင်ဘက်တွေထက်သာအောင် တည်ဆောက်နိုင်မှာပါ။ Objectives တွေကို Player တစ်ယောက်ယောက်ပြီးမြောက်ပြီဆို ဂိမ်းပြီးမှာဖြစ်ပေမယ့် Victory Points များဆုံးသူကပဲ အနိုင်ရမှာဖြစ်ပါတယ်။


ကြိုက်တာက ဂိမ်းအဆုံးသတ်မယ့် Objectives တွေက တစ်ပွဲနဲ့တစ်ပွဲမတူတာအပြင် Short/Medium/Long ဆိုတဲ့ Objectives တွေခွဲပေးထားတာကြောင့် အချိန်ရရင်ရသလို မိမိနှစ်သက်တဲ့ Game Mode နဲ့ ကစားလို့ရပါတယ်။ DNA အံစာရဲ့ အလှည့်ပြောင်းပေါ် မူတည်ပြီး ဘယ် Dinosaur မွေးမလည်းရွေးချယ်ရမယ်။ အလုပ်သမားနဲ့ သိပ္ပံပညာရှင်တွေကို နေရာချကမယ်။ ပိုက်ဆံကို စီမံအသုံးချရမယ်။ Dinosaur တွေမွေးမှာဆိုတော့ ဧည့်သည်တွေ လုံခြုံရေးကိုလည်း အမြဲတိုးမြင့် ချမှတ်ထားနိုင်ရမယ်။ ကစားသမားတစ်ယောက်ရဲ့ ရွေးချယ်မှုက နောက်တစ်ယောက်အ‌‌‌ပေါ် သက်ရောက်မှုရှိမယ်။ ကစားသမားအလှည့်ဟာ ရွေးချယ်မှုတွေပေါ်မူတည်ပြီး Round တိုင်း ပြောင်းလဲနေမယ်။ စိတ်၀င်စားစရာကောင်းတဲ့ #WorkerPlacement ပုံစံ #StrategyBoardGame တစ်ခုဖြစ်ပါတယ်။

8 Views

© 2025 by SPACE 17 - Board Game Hub

bottom of page