top of page

All about Board Games

Public·1 member

Lair (2018)

Lair (2018)

Designer – TAM

2-4 Players , 30–60 Min


ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်ကြီး Mr. White လျှို့၀ှက် မြေအောက်စခန်းကြီးကို ကျွန်းတစ်ခုရဲ့ မီးတောင်၀မှာ တည်ဆောက်ဖို့ လက်ထောက် Boss တွေကို အမိန့်ပေးပါတယ်။ ကစားသမားတွေဟာ လျှို့၀ှက်စခန်းကြီးရဲ့ မြေအောက်ခန်းတွေကို အပြိုင်အဆိုင် တည်ဆောက်ကြရမယ့် Boss တစ် ဦးချင်းစီအနေနဲ့ ပါ၀င်စီမံခံခွဲရမှာပါ။ Boss တွေက လုပ်သမားရှိတဲ့ အခန်းတွေကို သွားခိုင်းမယ်ဆိုရင် စခန်းကြီးဆက်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေရမယ်။ ဒီလိုနဲ့ အခန်းသစ်တွေဆောက်ဖို့ Blue Print တွေ Build Point တွေ စုရမယ်။ အလုပ်သမားတွေခိုင်းဖို့ Token တွေရအောင်လုပ်ရမယ်။ Mr. White ကျေနပ်မယ့် မတူညီတဲ့ မြေအောက် အခန်းအဆင့်ဆင့်တွေ တည်ဆောက်နိုင်သလောက် Victory Points တွေရရှိမှာ ဖြစ်ပါတယ်။ ဓါတ်လှေကားအထပ်တွေ တစ်လျောက်က Victory Score Track ဖြစ်ကာ အနိုင်ရဖို့ ဘယ်နှထပ်ရှိတဲ့ စခန်းဆောက်ကမလဲဆိုတာက ကစားသမား အရေအတွက်ပေါ် မူတည်တယ်။



စိတ်၀င်စားဖို့ကောင်းတာက Round အစမှာ မိမိရွေးချယ်တဲ့ Bonus Resources ပေါ် မူတည်ပြီး ကစားလှည့်အစီအစဥ် (Player Turn Order) က Round တိုင်းမှာ ပြောင်းလဲနေတယ်။ ပွဲက Round ၃ ခုကနေ ၆ ခု လောက် ပဲဆိုတော့ ၁ နာရီ အတွင်းမှာ ပြီးပါတယ်။ (တခါတလေဆို ပွဲပြီးသွားတာမြန်လို့ အားမရလိုက်ဘူး။)


ထူးခြားတာက ဒီ Board Game ရဲ့ ‌Designer ဟာ ရှားရှားပါးပါး Board Game ဖန်တီးမှုပိုင်းမှာ အတွေ့ အကြုံများတဲ့ မြန်မာတစ်ဦးဖြစ်ပါတယ်။ Board Game စကစားမယ့် #EntryPlayer တွေအတွက် #GameMechanics အသစ် တွေကို အားထုတ်လေ့လာရမှာဖြစ်ပေမယ့် နားလည်ရလွယ် အောင်ဖန်တီးထားပြီး ဂိမ်းဘူး အရွယ်နဲ့ မလိုက်အောင် နက်နဲမှုရှိတဲ့ Worker Placement ဂိမ်းတစ်ခုပါ။


#Lair #WorkerPlacement #StrategyGame

#BoardGame #TabletopGame #SPACE17

12 Views

© 2026 by SPACE 17 - Board Game Hub

bottom of page