top of page

All about Board Games

Public·1 member

Terraforming Mars (2016)

Terraforming Mars (2016 Designer - Jacob Fryxelius

1-5 Players, 150 Mins ၂၁၇၄ နောက်ပိုင်းကစပြီး ကမ္ဘာကြီးပေါ်မှာ သယံဇာတရှားပါး မလုံလောက်မှု ပြဿနာများလာခဲ့တယ်။ အဖြေရှာဖို့ လိုလာပြီ။ တစ်‌‌ယောက်ထဲ တစ်နိုင်ငံထဲ လုပ်လို့ မရပဲ ပေါင်းလုပ်မှရတော့မယ်။ နောက်ဆုံး ကမ္ဘာကြီးလုံးပါးပါးနေပြီဆိုတော့ ကမ္ဘာသစ်ရှာဖို့ အထိ လူဦးရေထူထပ် သယံဇာတရှားပါးလာနေပြီ။ (ဒီအတိုင်းဆက်သွားနေရင် သေကုန်တော့မယ်လို့ ပြောတာ) အတိုချုပ်‌ပြောရရင် ၂၃၁၅ခုနှစ်မှာ Mars ဂြိုလ်ဟာ လူသားတွေနေထိုင်ဖို့ အသွင်‌ပြောင်းယူလို့ ရရှိနိုင်တဲ့အတွက် ကမ္ဘာ့ အစိုးရအဖွဲ့ က လုပ်ငန်းစုကြီးများဖွဲ့စည်းကာ Terraforming Mars စီမံကိန်းကြီး စတင်ခဲ့တယ်။

ကျွန်တော်တို့ ကစားသမားတွေက အဲ့ဒီလုပ်ငန်းစုကြီး တစ်ခုစီကို ဦးဆောင်သူတွေ။ အပြိုင်အဆိုင် လူသားတွေ ကောင်းစားဖို့ လုပ်ပေးကြမယ့် သူတွေဆိုပါတော့။ Mars မှာ ရေ၊ လေ(အောက်ဆီဂျင်)၊ အပူချိန် ပမာဏက လူသားတွေအတွက် ကမ္ဘာသစ်ဖြစ်ဖို့ ဆင်သင့်ဖြစ်မနေသေးဘူး။ အဓိက အဲ့ဒီ ၃ ခုကို လိုအပ်တဲ့ အနေအထားရောက်အောင် ဝိုင်းဝန်း ပြုပြင်ယူရင်း စီမံကိန်းသစ်တွေဆောက် Victory Points တွေ ပြိုင်တွေဆုကြမယ်။ ကံထက် Strategy အခြေခံတဲ့ ဂိမ်းလို့ပြောလို့ရတယ်။


ဂိမ်းဖန်တီးသူက တက္ကသိုလ် ကျောင်းဆရာတစ်ဦးလည်းဖြစ်သလို ဓါတုဗေဒပညာရပ်မှာ PhD ရထားသူလည်းဖြစ်တော့ ‌Storyline ဟာ စိတ်ကူးယဉ် အနာဂတ်ဆန်ဆန်ဖြစ်ပေမယ့် မှန်ကန်တဲ့ သိပ္ပံအချက်အလက်များစွာကို ထည့်သွင်း ဖန်တီးထားတယ်။ ဒါ‌ကြောင့် ဗဟုသုတ လည်းရတယ်။Entry Boardgame Player တွေအတွက် #GatewayGame အဆင့်လောက်အထိ မရိုးရှင်းပေမယ့် ဒီဂိမ်းအလုပ်လုပ်ပုံက ထင်ထားသလောက် မရှုပ်ထွေးခဲ့ဘူး။ ကစားလို့ကောင်းတယ်။ မတူညီတဲ့ စီမံကိန်းကတ် နှစ်ရာကျော်ပါတော့ တစ်ပွဲနဲ့တစ်ပွဲ ဘယ်တော့မှမတူဘူး။ ဂိမ်းပြီးတဲ့အထိ ‌‌‌‌အချိန်ကုန်မှန်းမသိအောင် ကျေနပ်မှု အပြည့်ပေးနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်တယ်။ ဒါ‌တွေ‌‌ကြောင့် အကြိုက်ဆုံး #StrategyGame တွေထဲ့က တစ်ခုဖြစ်တယ်။


#TerraformingMars #StrategyGame

12 Views

© 2026 by SPACE 17 - Board Game Hub

bottom of page