top of page

All about Board Games

Public·1 member

Small World (2009)

Designer - Philippe Keyaerts

Average Rating: 7.3

No. of Players: 2-5 (Best: 4)

Duration: 40-80 min

Age: 8+

Complexity: 2.36/5


ဒီတစ်ခါအလှည့်ကျတာကတော့ #SmallWorld ကမ္ဘာငယ်လေးပါတဲ့။ #Monopoly တို့လို Classic game ဘိုးအေကြီးတစ်ခုဖြစ်တဲ့ #Risk နဲ့ဆင်တယ်။ Risk ကြိုက်တဲ့လူတွေ Small World စမ်းဆော့ကြည့်သင့်သလို SW ကြိုက်တဲ့လူတွေလည်း Risk ကို စမ်းဆော့ကြည့်သင့်တယ်။


Risk မှာက တစ်ယောက်တည်းက တစ်ကမ္ဘာလုံးကို လုံးဝအပြတ်သိမ်းပိုက်နိုင်ရင် ဂိမ်းပြီးတယ်၊ အဲ့လူက နိုင်တယ်။ SW မှာက ကစားသမားဦးရေပေါ်မူတည်ပြီး ဘယ်နှလှည့်ဆော့ရမယ်ဆိုတာ ရှိတယ်။ အဲ့အလှည့်အရေအတွက်ပြည့်ရင် ဂိမ်းပြီးတယ်။ အမှတ်အများဆုံးလူနိုင်တယ်။


ကစားသမားတွေက ကမ္ဘာငယ်လေးမှာ နေထိုင်ကြတဲ့လူမျိုးစုတွေ။ ကမ္ဘာငယ်လေးဆိုတဲ့အတိုင်း မြေနေရာက အရမ်းမကျယ်တော့ လူမျိုးစုတွေက နယ်မြေလုရမယ်။ ၂ ယောက်ကနေ ၅ ယောက်ထိ ကစားလို့ရတယ်။ ကစားသမားအရေအတွက်ပေါ်မူတည်ပြီး ကစားရမယ့်မြေပုံက ၄ မျိုးကွဲသွားတယ်။ ကိုယ့်အလှည့်မှာ အသစ်တိုက်တဲ့နယ်မြေတိုင်းအတွက်ရော အရင်အလှည့်ကတိုက်ထားပြီး သူများကိုယ့်ကိုလာမတိုက်လို့ပဲဖြစ်ဖြစ် လာတိုက်ရက်နဲ့ ရှုံးလို့ပဲဖြစ်ဖြစ် ကိုယ်ပဲဆက်သိမ်းပိုက်ထားနိုင်တဲ့နယ်မြေတိုင်းအတွက်ရော ပိုက်ဆံရတယ်။ ပိုက်ဆံက အမှတ်ပဲ။


ဒီဂိမ်းထဲမှာ အရမ်းစိတ်ဝင်စားဖို့ကောင်းတာက လူမျိုးစုတွေရဲ့အမျိုးအစားတွေနဲ့ ပါဝါအသီးသီးတွေပဲ။ Dungeons & Dragons ကမ္ဘာနဲ့ World of Warcraft ထဲက Race တွေ Class တွေလိုပဲ။ လူမျိုးစုအားလုံးက တိုက်စစ်၊ ခံစစ်နဲ့ ကြွယ်ဝမှုမှာ အားသာချက်အားနည်းချက်ကိုယ်စီနဲ့ဆိုတော့ ဘယ်အကောင်နဲ့ဘယ်ပါဝါကို တွဲကိုင်ဆော့ဖို့ ရွေးမလဲဆိုတာကတော့ စာဖတ်နိုင်မှ ရမယ်။ လူမျိုးစုတွေရဲ့ Art Work တွေကလည်း အဆန်းလေးတွေ။ Dr. Strange ရယ် Avator ရယ် Gandalf ရယ် ဒီဂိမ်းထဲမှာ ဆုံကြတယ်။ 😂


နယ်ချဲ့ရင်းချဲ့ရင်းနဲ့ အကောင်ကုန်လို့ ဆက်မချဲ့နိုင်တော့ရင် ကိုင်ထားတဲ့လူမျိုးစုကို လက်နက်ချပြီး လူမျိုးစုအသစ်နဲ့ ဆက်ဆော့လို့ရတယ်။ လက်နက်ချတဲ့အလှည့်မှာ သိမ်းထားတဲ့နယ်မြေအလိုက် ပိုက်ဆံရတာကလွဲရင် ဘာမှတော့ ထပ်လုပ်လို့ မရတော့ဘူး။ နောက်အလှည့်မှ လူမျိုးစုအသစ်ကို စကိုင်လို့ရမှာ။ ပြီးတော့ ကစားသမားတစ်ယောက်မှာ လက်နက်ချထားတဲ့လူမျိုးစုက တစ်စုပဲရှိလို့ရတာဆိုတော့ နောက်တစ်ခါလက်နက်ထပ်ချချင်ရင် ကိုယ်လက်နက်ချခဲ့တဲ့အရင်လူမျိုးစုက ကမ္ဘာငယ်လေးပေါ်ကနေ ကွယ်ပျောက်သွားမှာ။

ဆိုတော့ ဘယ်အလှည့်မှာဘာလုပ်မလဲဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုက အရေးကြီးတယ်။


- မြေပုံကအရောင်အသွေးစုံပြီး အရမ်းလှတယ်။

- မတူတဲ့ လူမျိုးစုတွေနဲ့ သူတို့ရဲ့ ပါဝါအဆန်းတွေက မိုက်တယ်။

- Area Control Game မို့ နယ်မြေလုရတာ သဘောကျတယ်။

- Racial Power တွေက အပြန်အလှန်သက်ရောက်မှုရှိတယ်။ အမြဲတသမတ်တည်း ဒီကောင်ကိုင်ရင် နိုင်မှာပဲလို့ မရှိဘူး။

- ကစားပွဲရဲ့အဆုံးသတ်ဟာ ကစားသမားတစ်ယောက်ယောက်ပေါ် မမူတည်ဘဲ ဘယ်နှလှည့်ဆို ပြီးမယ်ဆိုပြီး သတ်မှတ်ထားလို့ ဘယ်ချိန်မှာဘာဖြစ်မယ်ဆိုတာကို မျှော်လင့်လို့ တွက်လို့ရတယ်။ တစ်ယောက်ယောက်က ဂိမ်းပြီးချင်ဇောနဲ့ အတင်း Rush ပစ်လို့မရဘူး။


#SmallWorld #Risk #AreaControl #Fantasy #Strategy

12 Views

© 2025 by SPACE 17 - Board Game Hub

bottom of page