top of page

All about Board Games

Public·1 member

Trek (2020)

Trek (2020)

Designer – TAM

1-5 Players, 30–60 Min


သူငယ်ချင်းတွေစုပြီး ခရီးသွားကြရအောင်လား။ နေရာတွေရွေးပြီး ခရီးသွား Bucket List တော့ လုပ်ပြီးပြီ။ မြန်မာပြည်လာရင် မဖြစ်မနေသွားသင့်တဲ့ ‌ဒေသငါးခုပေါ့။ ဒီ Bucket List ပြည့်ဖို့က သူငယ်ချင်းတွေလူညီဖို့ အရေးကြီးသွားပြီ။ သူငယ်ချင်းတွေ ဘယ်လောက်လူညီသလဲ စမ်းကြည့်လိုက်ကြရအောင်။


ဒီဂိမ်းထဲမှာ ကစားသမားတွေက ခရီးတူတူသွားမယ့် သူငယ်ချင်းတွေ အနေနဲ့ အတူပူး‌ပေါင်းပြီး ကစားရမှာ။ ခက်တာက ကိုယ့်လက်ထဲမှာ ဘာကဒ်တွေဆိုတာကို ကြည့်ခွင့်မရှိတာပဲ။ သူငယ်ချင်းတွေ လက်ထဲ ဘာကဒ်တွေလည်းပဲ ကြည့်ခွင့်ရှိမယ်။

အဲ့တော့ ကိုယ့်လက်ထဲမှာ ဘာကဒ်ရှိလဲဆိုတာကို သူငယ်ချင်းတွေက သဲလွန်စပေးမယ်။ ကိုယ်ကလည်း သူတို့လက်ထဲက ကဒ်ဘာလည်းသိအောင် ပြန်ကူပေးမယ်။ ဒေသတစ်ခုချင်းစီတိုင်းမှာ သွားရမယ့် နေရာငါးခုစီရှိပြီး အစဥ်လိုက်တိုင်း သွားနိုင်မှ (ကဒ်ချနိုင်မှ) အမှတ်တွေရမှာပါ။

မှားချတာ ၃ခါ ရှိပြီဆိုရင် ပွဲပြီးသွားပြီ။ အပြင်မှာလိုပဲ အချင်းချင်းအထာနပ်ပြီး အပေးအယူတည့်မယ်ဆိုမှ အမှတ် ၃၀ အပြည့်နဲ့ အနိုင်ရမှာနော်။




Game mechanics က အဆန်းကြီးမဟုတ်ပေမယ့် Panorama ရှုခင်းလေးနဲ့ ခရီးသွားပုံစံ ပြောင်းပြီးဖန်တီးထားတယ်။ မိတ်ဆွေသူငယ်ချင်းတွေ မိသားစုတွေ ကစားလို့ကောင်းတဲ့ Coorperative Cardgame အမျိုးအစား ဂိမ်းတစ်မျိုးပါ။

BoardGame တွေ ကစားနေကျ မဟုတ်လည်း နားလည်ရလွယ်ပြီး ကစားရတာ ရိုးရှင်းတယ်။ သယ်ဆောင်ရတာလည်း လွယ်ပြီး ကစားချိန် မကြာဘူး (စောစောစီးစီး ရှုံးသွားကြလို့ ပိုမြန်တယ် ဟီး)။ တစ်ယောက်ထဲ Solo ဆော့ချင်လည်းရတယ်။

မြန်မာပြည် အမှတ်တရ/အလွမ်းပြေ လက်ဆောင်ပေးမယ်ဆိုလည်း အဆင်ပြေတယ် (တခါတလေ တော်တော်ရှာရတဲ့ ကိစ္စ)။

မြန်မာ Designer ကိုယ်တိုင် ဖန်တီးပြီး ထုတ်လုပ်မှုကို Local မှာပဲ Quality Product ဖြစ်အောင် ထုတ်လုပ်ထားတဲ့ အတွက်လည်း ထပ်ဆင့်ဂုဏ်ယူပါတယ်။


ဘော်ဒါတွေလူစုံရင် ဘယ်ခရီးသွားမလဲငြင်းရင်း တစ်ပွဲတစ်လမ်း လုပ်လိုက်ရအောင်။


#Trek #Coorperative #CardGame

#TabletopGame #SPACE17

12 Views

© 2025 by SPACE 17 - Board Game Hub

bottom of page